Ahad, 29 Jun 2014

ချစ်သူရဲ့ ခံစားချက်ကဗျာများ

အလွမ်းရယ်မပြေ
တမ်းတနေ
မနောမြေဆီမှ
ချစ်ရသူ
မောင့်သက်ထားရယ်
သိပါလေစ။

မိုးတွေက စွေ
လေရိုင်းတွေ
ဝင်ခတ်သလိုပ
မရွှင်သာ ဒီနှလုံးရယ်
ခက်ရချည်ပါ့ ။

နွမ်းလျတာရှည်
မှန်းဆသူ
မေ့ရင်ဆီက
လွမ်းချင်းကို
စာပေဖွဲ့လို့
ပါးလိုက်မကွဲ့
ဖားငယ်ကိုကွယ်။

မိုးဝသုန်ရယ်
သည်းထန်မပိုနဲ့
မခိုင်အသဲ ပိုင်သူ
မေတစ်ယောက်မှာက
ချိန်ရာသီ မိုးရေစက်တွေနဲ့
သူ့ထက်ငါ
ဘယ်သူသာမလဲရယ်လို့
မပြိုင်ချင်ပါကွဲ့။

Sabtu, 28 Jun 2014

ချစ်သူရယ်

ကိုယ်စီသမျှ ကာရန်လဲမညီ
ကဗျာလဲ မဟုတ်
စာလုံးလဲမစီတတ်ခဲ့တာမို့
ချစ်သူ ယုံအောင်တော့ မပြောပြတတ်ဘူးကွယ်...

ကိုယ့်ရင်ထဲမှာ
ချစ်သူ တစ်ယောက်သာ နယ်မြေချဲ့ရင်း
နှလုံးသားပလ္လင်ကို
နန်းသိမ်းပွဲခံခဲ့တာကိုလဲ
ချစ်သူ ယုံအောင်တော့ မပြောပြတတ်ဘူးကွယ်..

ကိုယ့်အိပ်မက်တိုင်းမှာ
အပိုင်ယူစိုးမိုး နွေးထွေးတဲ့
မနက်ဖြန်တိုင်းမှာ
ချစ်သူရဲ့ မျက်နှာလေးနဲ့  ရှင်သန်ခဲ့တယ်ဆိုတာလဲ
ယုံအောင်တော့ မပြောပြတတ်ဘူးကွယ်...

မဆိုတတ် ဆိုတတ်နဲ့
ရင်ထဲက သံစဉ်တွေကို
မညီမညာတေးဖွဲ့ရင်း
ချစ်သူ အနားရောက်အောင်
ပေးပို့ချင်ပေမယ့်

တကယ်မြတ်နိုးစွာ ချစ်တာကိုတော့
ချစ်သူ ယုံအောင် မပြောပြတတ်ခဲ့ပြန်ဘူးကွယ်။

Jumaat, 27 Jun 2014

မာနချင်ပြိုင်

မာနချင်းပြိုင်
အတ္တပလ္လင်ပေါ်ထိုင်လို့
ဘယ်သူနိုင်မလဲ
ပွဲစမ်းခဲ့ ငါ့အဖြစ်တို့

အလွမ်းသွေးတွေ
တစက်စက်ကျ
တမ်းတခြင်း
ဓားရိုးအောက်မှာ
ဒူးထောက်ခဲ့ရုံမှ တပါး
ဘာမှ ငါ မပိုင်ဆိုင်ခဲ့ပါ။

ကြေကွဲမှု အခန်းငယ်ထဲမှာ
ခံစားမှုတွေ တရွရွထိုးလို့
နာကျင်ခြင်း ရှိုးရာတွေတောင်
နှလုံးသားတစ်ခုလုံး
မမြင်ရက်ခဲ့ပေါ့။

ရနောင်တ နောက်မှာမို့
အမှားများကို ကျုးလွန်
အသဲခိုက်အောင် နာပါမှ
ငါမှားပြီ အော်နေခဲ့
ရူးမိုက်သူရဲ့ ။

Khamis, 26 Jun 2014

ချစ်သူရဲ့ ခံစားချက်ကဗျာများ

နက်ရှိုင်းစွာချစ်မိ
တိုးတိတ်စွာရှင်သန်
ရင့်သန်ခဲ့ချစ်စိတ်တို့

ရေမလောင်း
ပေါင်းမသင်
ရှင်သန်ကာစိမ်းစိုလို့
ဖြတ်မရတဲ့
သံယောဇဉ်အမြစ်များ

မင်းအပါးကပ်တွယ်
ခွာမရတဲ့
တောက်တဲ့လိုမျိုး
ဓားထက်ထက်နဲ့ ခွဲရမလို..

နာကျင်နေ ရင်အစုံတို့
ကုရာနတ္ထိ ဆေးမရှိ
စိမ်းကားခြင်း တောနက်မှာ
တ၀ဲလည်လည်  နယ်လှည့်ရင်း
ချစ်ရင်းနဲ့ ရှုံးခဲ့ပြန်။

မျှော်လင့်ခဲ့
ရွှေရောင်အိပ်မက်တို့
တစ်စစီ ပျက်သုန်း
မင်းတားရစ်ခဲ့  ကျော့ကွင်းမှာ
အနာဂတ်မဲ့လျှက်။

ရတနာသုံးပါး မစော်ကားမိစေချင့် 

“ရတနာသုံးပါး မစော်ကားမိစေချင်”
••••••••••••••••••••••••••••••••••••••••••
ခုခေတ်က အကြောင်းအမျိုးမျိုးနဲ့ သံဃာဆိုလည်း
အပြစ်ပြောဖို့ ၊ ဆဲဆိုဖို့၊ိ့ ပြောင်လှောင်ဖို့၊
မရိုမသေပြုမူကြဖို့ ဝန်မလေးကြတော့ဘူး။

ရဟန်းတော်တစ်ပါးကို ဝိနည်းသိက္ခာပုဒ်နဲ့ ပတ်သက်ပြီး ၊
ချို့ယွင်းချက်ရှိရင် ဝေဘန်ထောက်ပြနိုင်ပါတယ်။
ပြုပြင်ပေးနိုင်ပါတယ်။
သို့သော်လည်း ဝိနည်းတော်နဲ့ မသက်ဆိုင်သော
“အခြား နိုင်ငံရေး၊ အမျိုးသားရေး” စသော အကြောင်းများကြောင့်
မိမိနှင့် အယူအဆမတူတိုင်း စော်ကားပုတ်ခတ်နေခြင်းဟာ
အလွန်ပဲ ကြောက်စရာကောင်းပါတယ်။

လောကမှာ “မထီမဲ့မြင်မပြုကောင်းတဲ့အရာ လေးမျိုး” ရှိပါတယ်။
၁။ မီးဆိုတာ သေးသေးလေးဆိုပြီး ပေါ့ပေါ့ဆဆမလုပ်ရဘူး။
မီးသေးသေးလေးလောင်ရင်လည်း တစ်မြို့လုံး ပြောင်နိုင်ပါတယ်။

၂။ မြွေသေးသေးလေးဆိုပြီး မထီမဲ့မြင် မလုပ်ရဘူး။
အဆိပ်ရှိတဲ့ မြွေဟာ သေးသေးလေး ကိုက်ရင်လည်း
သေတတ်ပါတယ်။

၃။ ဘုရင့်သားကို ငယ်တယ်ဆိုပြီး မထီမဲ့မြင်မလုပ်ရဘူး။
သူဘုရင်ဖြစ်တဲ့အခါ မင်းပြစ်မင်းဒါဏ် သင့်တတ်တယ် ။
(မြန်မာရာဇဝင်မှာ ဒါမျိုးတွေ အများကြီးပါ။)

၎။ ရဟန်းကိုလည်း ငယ်တယ်ဆိုပြီး မထီမဲ့မြင်
မရိုမသေမပြုရဘူး။ ရဟန်းမီးလောင်ရင် သံသရာမှာ
လူမွှေးမပြောင်ဖြစ်တတ်တယ်။

ရဟန်းငယ်ငယ်တောင် မထီမဲ့မြင် မပြုရဘူးဆိုရင်
သီလ၊ သမာဓိ၊ ပညာ အလွန်ကောင်းတော်မူတဲ့
ဆရာတော်ကြီးများဆို ပြောစရာမရှိတော့ပါဘူး။

အားလုံးကိုတော့ ရဟန်းမီး မလောင်စေချင်ဘူး။
မိကောင်းဖခင် ဗုဒ္ဓဘာသာဝင်တွေကိုပြောတာပါ။

မေတ္တာဖြင့်。。。
-【အရှင်တေဇာနန္ဒ- “စေတနာပန်းခင်း ဆရာတော်”】

Dhamma Dãna Source ►
www.facebook.com/youngbuddhistassociation.mm

စနစ်တကျ အမျှဝေ

“စနစ်တကျ အမျှဝေ”
•••••••••••••••••••••••••
“အမျှဝေတယ် ဆိုတာ”
•••••••••••••••••••••••••
အမျှဝေတယ်ဆိုတဲ့ဥစ္စာက ဒီလို၊ ဘုန်းကြီးတို့ စာထဲမှာ
“ပတ္တိဒါန”၊ ကိုယ်ရတဲ့ အလှူဒါနကို ကိုယ်ပြုတဲ့ အလှူဒါနကို
သူတို့လည်းပဲ ကိုယ်ကုသိုလ်ရသလို ရကြပါစေတော့လို့
ဆိုတာကို အမျှဝေ-လို့ ခေါ်တယ်။
အဲဒီ အမျှဝေတာက အရာရာ အကြောင်းညီညွတ်မှ အကျိုးရတယ်။

“သီလမရှိသူကို လှူပြီး အမျှမဝေနဲ့”
•••••••••••••••••••••••••••••••••••••••••••
လူတယောက် သူ့ရဲ့ဆွေမျိုးက ဟိုဘက်ဘ၀ရောက်သွားပြီ၊
အိပ်မက်ကလေးဘာလေး ပေးလို့မို့ ဘ၀လွဲနေပြီဆိုတာလည်း
သူသိပြီ၊ ဒါကြောင့် သူကိုးကွယ်တဲ့ ဘုန်းကြီးကိုပင့်ပြီးတော့
ဆွမ်းကျွေးတယ်။ ဆွမ်းကျွေးတော့ “အမျှ-အမျှ-”လို့ဆိုတော့
ဟိုကလည်း သေသေချာချာ သာဓုခေါ်မယ်လို့ စောင့်နေတာ၊
ဒါပေမယ့် ဘာမှမရဘူး။ ထပ်ပြီးတော့ အိပ်မက်ပေးပြန်တယ်။

ခုန ဘုန်းကြီးပဲပင့်ပြီးတော့ ဆွမ်းကျွေး အမျှဝေတယ်၊ မရဘူး။
တတိယ ခုလိုပဲ အိပ်မက်ပေးဟန်တူတယ်။
တတိယအကြိမ် အမျှဝေတော့ ငါ့အတွက် ရမယ့်ပစ္စည်းကို
ဒုဿီလကြီး စားသွားပြီလို့ အိပ်မက်ပေးတယ်တဲ့။
သူကိုးကွယ်တဲ့ဘုန်းကြီးက “သီလ”မရှိဘူး။
“သီလမရှိတဲ့သူ”ကို လှူဒါန်း အမျှဝေတော့ ဟိုမှာ အမျှမရဘူး။
သာဓုခေါ်မယ်လို့ကို စောင့်နေတာ၊ မရဘူး။

“သံဃာလှူပြီး အမျှဝေပါ”
•••••••••••••••••••••••••
ဘုန်းကြီးက ဘာကို လေ့လာတုန်း၊
ဘာကို ဟောတုန်းဆိုရင် ပုဂ္ဂိုလ်ကိုလှူပြီးတော့ အမျှမဝေနဲ့။
ဘယ်ပုဂ္ဂိုလ်မှ စိတ်မချရဘူး။ ဒီတော့ သံဃာကိုလှူပါ၊
သံဃဿ ဒေမ၊ ဆွမ်းတအုပ်နဲ့ သံဃဿ ဒေမ-လုပ်ပါ။
သံဃာကိုလှူပြီးတော့ အမျှဝေလို့ရှိရင် အမျှရပါတယ်။

“တောင်သမန် ကျောင်းအမကြီး”
••••••••••••••••••••••••••••••••••••••••••
ဒါနဲ့စပ်ပြီးတော့ ၀တ္ထုတခု ပြောမယ်။
မှတ်စရာတွေမို့လို့ အားလုံး မှတ်ရအောင်။
ဘုန်းကြီးတို့ တောင်မြို့ မှာပဲ၊ ဘုန်းကြီးတို့ အရင်က
တံတားကူးပြီးတော့ ဟိုဘက်မှာ ကျောင်းတိုက်တတိုက် ရှိပါတယ်။
“တောင်သမန်တိုက်” လို့ခေါ်ပါတယ်။
အဲဒီကျောင်းဒကာ ကျောင်းအမကြီးတွေက အင်မတန်
သူတော်ကောင်းတွေ။ ကျောင်းဒကာကြီးက အစောကြီးဆုံးတဲ့
လက္ခဏာရှိတယ်။ ကျောင်းအမကြီးက အင်မတန်
သူတော်ကောင်းတယ်။ ကျောင်းလည်းဆောက်တယ်။

နွေအခါကျတော့ရေအိုးတွေလည်း တည်တယ်။
အများသောက်ဖို့။ ဒါနဲ့ သူ့ကို ကျောင်းအမကြီးဆိုတဲ့
နာမည်ထက် “ရေချမ်းအမကြီး”လို့ နာမည်တွင်နေတယ်။

“သေခါနီး ငိုကြလို့ တစ္ဆေဖြစ်”
•••••••••••••••••••••••••••••••••••••••
နောက် ဒီဒကာမကြီး ဆုံးသွားတယ်။
ဆုံးသွားတော့ ပထမ အသုဘပြုတဲ့နေရာမှာ ကုသိုလ်တွေ ပြုတယ်။
နောက်တခါ ရက်လည်ဆွမ်းဆိုပြီးတော့ ကျွေးတယ်။
ကျွေးတော့ ခုနက သူကိုးကွယ်တဲ့ ဆရာတော်ကြီး
ကြွလာပြီးတော့ တရားတွေဟောတယ်။
ပြီးတော့ အလှူဒါနတွေကို ရေစက်ချပြီးတော့ အမျှဝေကြတယ်။
အဲဒီလို အမျှဝေပြီးတော့ ဆရာတော်ကြီး ပြန်သွားရော။
ပြန်သွားတော့ ဘုန်းကြီးတို့နားမှာ တံတားရှိတယ်မဟုတ်လား၊
“အင်းကြီးကူးတဲ့တံတား” ။
တံတားကို တော်တော်သွားမိတဲ့အခါကြတော့
“ဆရာတော်ဘုရား။ ဆရာတော်ဘုရား” လို့။
“ဟဲ့ တို့ကျောင်းအမကြီး အသံပါလား” လို့။

“ဟုတ်တယ် ဘုရား၊ ဟုတ်တယ်ဘုရား။”
ဘာဖြစ်နေတုန်း။
“တပည့်တော် သေခါနီးမှာ ဆွေမျိုးတွေက ၊သားတွေ သမီးတွေကပေါ့လေ
ငိုကြလို့။ သေခါနီးနော် ငိုကြလို့၊ သူတို့ကို စွဲလမ်းသွားပြီးတော့
တပည့်တော် တစ္ဆေပြိတ္တာ ဖြစ်နေတယ်ဘုရား။”
ကျောင်းအမကြီး၊ သူတော်ကောင်းကြီး တစ္ဆေပြိတ္တာ ဖြစ်နေတယ်။

“ရေတံခွန်တောင် ခေါ်သွားလို့ . . .”
••••••••••••••••••••••••••••••••••••••••••
သင်္ချိုင်းမှာ လှူကြတန်းကြတုန်းက တပည့်တော် ဘာမှမသိလိုက်ပါဘူး။
တပည့်တော် အဖော်တစ္ဆေတွေက ရေတံခွန်တောင်ကို
ခေါ်သွားလို့မို့ တပည့်တော် ဘာမှ မသိလိုက်ပါဘူး။

တစ္ဆေတွေကလည်း အင်မတန် ညစ်တယ်။
ဒီလိုဂုဏ်ရှိ သိန်ရှိ ကျောင်းအမကြီးက လိုချင်ရင်
ဟိုက ဆွမ်းကပ်ကြ၊ ဘာလုပ်ကြ၊ အဲဒီလို ကျွေးကြမွေးကြမို့၊
သူတို့လည်း စားရသောက်ရမယ် မဟုတ်လား။

ဒီလို ဂုဏ်ရှိသိန်ရှိ တစ္ဆေကို ကျွတ်သွားမှာ သိပ်စိုးတယ်။
ပြိတ္တာပေါ့လေ။ ကျွတ်သွားမှာ သိပ်စိုးတယ်။
ဒါကြောင့် ရေတံခွန်တောင် ခေါ်သွားကြတယ်။
ရေတံခွန်တောင် သက်သက်ကို ခေါ်သွားတော့
ဒီက အလှူအတန်းတွေ ဘာမှမသိရှာဘူး။

“အမျှရလို့ ကျွတ်သွား”
•••••••••••••••••••••••••
နောက်တော့ သူတို့က မခေါ်ခင် ဖြစ်ဖြစ်၊ ဘာဖြစ်ဖြစ်ပေါ့လေ၊
ဆွမ်းသွတ်မယ်လို့ဆိုတော့ အမေကြွပါ-လာပါ၊ ဖိတ်မှာပေါ့လေ၊
အဲဒါနဲ့ သူရောက်တယ်။ ကနေ့တော့ ဆရာတော်ဘုရား
ဟောတော်မူတဲ့ တရားတွေလည်း ကြားရပါတယ်။
နာရပါတယ်။ အမျှလည်းရပါတယ်ဘုရား။
“တပည့်တော် ခုပဲ ကျွတ်တော့မယ်ဘုရား”လို့
အသံပျောက်သွားတာပဲ။ ဒီတော့ အမျှဝေတာက
အကျိုးရှိတဲ့သူမှာတော့ သိပ်ရှိတယ်။
အကျိုးမရှိတဲ့သူတွေတော့ မရှိပါဘူး။

“စနစ်တကျ အမျှဝေ”
•••••••••••••••••••••••••
ဝတ်ကျေတန်းကျေ အမျှဝေ၊
ပြီးတော့ တငိုငိုတရယ်ရယ်နဲ့ အမျှဝေ၊ စိတ်ကလည်း မပါ့တပါ။
ပြီးတော့ သားလည်းမဟုတ်၊ သမီးလည်းမဟုတ်တဲ့
လူတွေက ၀င်ပြီးတော့ အမျှဝေ။

ဟိုကလည်း စိတ်ချမ်းသာချင်မှ ချမ်းသာမယ်။
တကယ်လို့ ပြိတ္တာဖြစ်နေရင်ပေါ့လေ။
ပြီးတော့လည်း ပြိတ္တာ မဖြစ်လို့ ၊ လူ့ဘောင်ရောက်နေရင်လည်း
ဒီအမျှတွေ အပိုပါပဲ။ မရပါဘူး။ ဒါကြောင့် အမျှဝေတယ်ဆိုတဲ့
ဥစ္စာကလည်း အခြေအနေကြည့်ပြီးတော့ အမျှဝေကြပါ။
ပြီးတော့ သံဃာကိုလှူပြီးတော့မှ အမျှဝေပါ။
ပုဂ္ဂိုလ်တပါးလှူရင် ကိုယ့်ကျောင်းထိုင်ဘုန်းကြီးက
ဟန်ချင်မှဟန်မှာပါ။ အဲဒါကြောင့်မို့လို့ ပုဂ္ဂိုလ်ကို မရွေးပါနဲ့။
“သံဃဿ ဒေမ”- လို့ ဆိုပြီးမှ အမျှဝေကြပါလို့ ဘုန်းကြီးက
ပြောလေ့ရှိတယ်။

-【မဟာဂန္ဓာရုံဆရာတော်ကြီး အရှင်ဇနကာဘိဝံသ】
( မြတ်မင်္ဂလာ ၂၀၁၀-ခု စက်တင်ဘာလ)
[ဂါဒီးယန်း ဦးစိန်ဝင်းနှင့် ဒေါက်တာဦးနေ၀င်း-တို့မေး၍
အမရပူရ မဟာဂန္ဓရုံဆရာတော် ဖြေသည်။]

Dhamma Dãna Source ►
www.facebook.com/youngbuddhistassociation.mm

Rabu, 25 Jun 2014

ချစ်သူရဲ့ ခံစားချက်ကဗျာများ

ခံစားမှုကိုထွေး
နာကျင်ခြင်းကိုရင်ဝယ်ပိုက်လို့
ကျရှုံးခြင်း လမ်းပေါ်မှာ
ငါတစ်ယောက်ထဲရယ်ပါ။

ရူးသွပ်နေ ဒီရင်အစုံတို့
မျှော်လင့်ချက်မဲ့နေပြီလို့
တစ်စီစီအော်ဟစ်ငိုကြွေးရင်း
ငါ့ နှလုံးသားကို တောင်းပန်နေခဲ့။

အသိရယ် သတိရယ်အလွှာနှစ်ခုကြားက
အချစ်ကို တိတ်တိတ်လေး ငါ လက်ကမ်းမိချိန်မှာ
နာကျင်တာတွေပေး ငါ့နှလုံးသားကို သွေးမြေဖြစ်အောင်
တစ်စစီသတ်ပြီးချိန်မှ
မယုံနိုင်မျက်ဝန်းများနဲ့ ကြောင်စီစီ ငါ သဂြိုလ်ပေးနေတဲ့
အသဲတစ်စုံကို ကြည့်နေမိပါရဲ့။

http://www.soehtetpaing.blogspot.com

Selasa, 24 Jun 2014

တစ်ယောက်ထဲသာရှိ တွေ့ဆုံကျ ဒီနေရာ

တစ်ယောက်ထဲသာရှိ
တွေ့ဆုံကျ ဒီနေရာ

တစ်ယောက်ထဲသာသိ
လွမ်းရသည့် ဝေဒနာ

တစ်ယောက်ထဲသာကြည့်
ပျော်ရွှင်ခဲ့ ဒီချိန်ခါ

တစ်ယောက်ထဲသာ သိ
ကြေကွဲသည့် မျက်ရည်ကဗျာ

မင်းချစ်တဲ့ ဒီ  line မှာ
နာကျင်စွာ ငါရပ်မိ

အထီးကျန်သည့် အငွေ့သက်တို့
မိုးစက်ပမာကျနေ

နာကျင်သည့် မျက်ရည်စက်
တမ်းတသည့် မျက်ရည်စက်

မင်းတစ်သက် မသိနိုင်တော့
မင်းတစ်သက် မသိနိုင်တော့ပါလေ။

ဆင်တု ရှိခိုးတ အကျိုးရှိသလား

ဆင်းတု ရှိခိုးတာ အကျိုးရှိသလား
*********************

ဂေါတမ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံလွန်သွားတာ နှစ် ၂၅၀၀ ကျော်ပြီ။မရှိတော့တဲ့ မြတ်စွာဘုရားကို ဆည်းကပ်ကိုးကွယ်လို့ ရသေးသလား။ကိုးကွယ်နေလို့ကော အကျိုးရှိပါမလား။

ဗုဒ္ဓဘာသာက ဆင်းတုတွေ၊ ရုပ်ပုံပန်းချီကားတွေကို ကိုးကွယ်တဲ့ ဘာသာလား?ဆင်းတုတွေ ရုပ်ပုံတွေကို ရှိခိုးကိုးကွယ်နေလို့ ဘာအကျိုးရှိမှာလဲ။

ဒါတွေက အနောက်နိုင်ငံသားတွေ ဘာသာခြားတွေမေးတက်တဲ့ မေးခွန်းတွေပဲ။

ဂေါတမ မြတ်စွာဘုရားဟာ ပရိနိဗ္ဗာန် စံလွန်သွားပြီ ဖြစ်ပေမဲ့သူဟောကြားထားတဲ့ တရားအဆုံးအမတွေက ပကတိအတိုင်း ရှိနေကြတုန်းပဲ။သူဘုရားဖြစ်အောင် ကြိုးပမ်းခဲ့တာ အခုလို တရားအဆုံးအမကို ဟောပြဖို့ပဲ။
နိဗ္ဗာန်ရောက်ကြောင်းတရားကို ညွှန်ပြပေးခဲ့ဖို့ပဲ။

ဒါတွေက အခု အကုန်ရှိနေသေးတာမို့ ဒီတရားတော်အတိုင်း လိုက်နာကျင့်ကြံအားထုတ်ရင်း မြတ်ဗုဒ္ဓ ရှိစဉ်တုန်းကလိုပဲ ထပ်တူထပ်မျှ အကျိုးထူးများကိုခံစားရပါတယ်။ နိဗ္ဗာန်ချမ်းသာကိုလည်း မျက်မှောက် ပြုနိုင် ပါတယ်။

ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်မစံမီမှာ ဗုဒ္ဓကိုယ်စား ကိုးကွယ်ဆည်းကပ်ဖို့အတွက်စေတီ ၄ မျိုးကို သတ်မှတ်ပေးတော် မူခဲ့တယ်။

ဓာတုစေတီ… ဗုဒ္ဓရဲ့ ရုပ်ကလပ်တော်ကို မီးသဂြိင်္ုဟ်တဲ့အခါ ကျန်ရစ်တဲ့ဓါတ်တော်များကို ဘုရားရှင် ကိုယ်စား ကိုးကွယ်နိုင်တယ်။

ဓမ္မစေတီ… ဗုဒ္ဓမြတ်စွာ ၄၅ နှစ်တိုင်တိုင် ဟောကြားတော်မူခဲ့တဲ့ပိဋကတ်သုံးပုံ၊ မဂ်လေးတန်၊ ဖိုလ်လေးတန်နဲ့ နိဗ္ဗာန်တရားတို့ကိုဘုရားရှင်ကိုယ်စား ကိုးကွယ်ဆည်းကပ်နိုင်တယ်။

ဥဒ္ဒိဿစေတီ… သက်တော်ထင်ရှား မြတ်ဘုရားကို ရည်မှန်းပြီး ရေးသားတဲ့ ပုံတော်၊ပန်းချီကားချပ်တွေ၊ သစ်သားဆင်စွယ် စသည်တို့ကို ထုလုပ်ထားတဲ့ ဆင်းတုတွေ၊အုတ်၊ သဲ၊ အင်္ဂတေ စသည်တို့ဖြင့် တည်ဆောက်ထားတဲ့ စေတီပုထိုးတွေ၊ဒီအရာတွေအားလုံးကို ဘုရားရှင်ကိုယ်စား ရှိခိုးပူဇော်နိုင်တယ်။

ပရိဘောဂစေတီ… မဟာဗောဓိပင် အပါအ၀င် ဘုရားရှင် အသုံးပြုတော်မူခဲ့တဲ့ သပိတ်၊ သင်္ကန်း၊ တောင်ဝှေး စသည်တို့ကိုလည်း ဘုရားရှင်ကိုယ်စားဆည်းကပ်ကိုးကွယ်နိုင်တယ်။

အဲဒီတော့ ဗုဒ္ဓဘာသာဝင်များက မြတ်ဗုဒ္ဓရဲ့ ပုံတော်ပန်းချီကားတွေ၊ဆင်းတုတွေကို ရှိခိုးပူဇော်တာဟာ ဥဒ္ဒိဿစေတီအဖြစ် ရည်မှန်းပြီးရှိခိုးပူဇော်ခြင်းဖြစ်တယ်။ ပန်းချီကားအနေနဲ့ ရုပ်ထု၊ဆင်းတုတော်များအနေနဲ့ ရှိခိုးပူဇော်နေတာ မဟုတ်ဘူး။

ဥပမာ… ကွယ်လွန်သွားပြီးတဲ့ မိဘများရဲ့ဓါတ်ပုံကို ရှိခိုးကန်တော့နေတဲ့သူဟာစက္ကူဓာတ်ပုံကို ရှိခိုး ကန်တော့နေတာမဟုတ်ဘူး။ သူ့မိဘကို ရည်မှန်းပြီးရှိခိုးကန်တော့နေခြင်းဖြစ်တယ်။ မိဘဓာတ်ပုံက အသက်ထင်ရှား ရှိစဉ်အခါကမိဘတို့ရဲ့ ရုပ်ပုံကိုထင်မြင်လာအောင် အထောက်အပံ့ပြုတယ်။ မိဘရဲ့ ဂုဏ်ကျေးဇူးတွေ ထင်ပေါ်လာအောင် ကျေးဇူးပြုပေးတယ်။

စက္ကူဓာတ်ပုံကို ကျော်လွန်ပြီး မိဘတို့ရဲ့ တကယ့်ရုပ်သွင်နဲ့မိဘတို့ရဲ့ဂုဏ်ကျေးဇူးများ ပေါ်လွင်လာအောင် ကြည့်ရှူရသလို ဘုရားပန်းချီ၊ရုပ်ထု၊ ဆင်းတုများကိုကျော်လွန်ပြီး မြတ်စွာဘုရားရဲ့ တကယ့်ရုပ်သွင်နဲ့ဂုဏ်တော်များ၊ ကျေးဇူးတော်များပေါ်လွင်အောင် ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။

ဒါကြောင့် ပုံတော်၊ ဆင်းတုတော်တိုဟာ အထောက်အပံ့ ပစ္စည်းမျှသာဖြစ်တယ်။ပုံတော်၊ ဆင်းတုတော်တွေ မရှိဘဲနှင့်လဲ မြတ်စွာဘုရားရဲ့ ဂုဏ်တော်များကိုရည်မှန်းပြီး ရှိခိုးပူဇော်နိုင်ပါတယ်။
မြတ်စွာဘုရားသက်တော်ထင်ရှားရှိစဉ်အခါကလည်း ဘုရားဂုဏ်တော်များကိုသာရည်မှန်းပြီး ပူဇော်ရပါတယ်။

မြတ်စွာဘုရားရဲ့ ဂုဏ်တော်များဆီသို့ စိတ်ရောက်တာချင်းတူရင်အကျိုးကျေးဇူးကလည်း တူမှာပဲ။ ဂုဏ်တော်များ စုပေါင်းထားတဲ့ ဘုရားရှင်ကိုဉာဏ်နဲ့မြင်အောင် အာရုံပြုရမယ်။

ဒါကြောင့် ဗုဒ္ဓဘာသာဆိုတာ ရုပ်ပုံ၊ ရုပ်ထုတွေကို ဆည်းကပ်ကိုးကွယ်တဲ့ဘာသာမဟုတ်ပါဘူး။ ဒါက မသိ၊ နားမလည်သူတွေရဲ့ လွဲလွဲမှားမှားစွပ်စွဲမှုများသာ ဖြစ်ပါတယ်။

ဗုဒ္ဓဘာသာဝင်တွေ ဆည်းကပ်ကိုးကွယ်နေတာက အရဟံအစ ဘဂ၀ါအဆုံး အတုမရှိတဲ့ဂုဏ်တော်များရဲ့ ပိုင်ရှင်ဖြစ်တဲ့ ဗုဒ္ဓဘုရား၊ထိုမြတ်စွာဘုရားဟောကြားညွှန်ပြခဲ့တဲ့ မဂ်လေးတန်၊ ဖိုလ်လေးတန် နိဗ္ဗာန်ပရိယတ် လို့ဆိုတဲ့အတုမရှိ မြင့်မြတ်တဲ့ ဓမ္မတရား၊ သစ္စာလေးပါးမြတ်တရားကို သိမြင်ကြပြီးတဲ့ အရိယာသံဃာများနဲ့ မြတ်စွာဘုရားရဲ့အဆုံးအမဩ၀ါဒအတိုင်း ကျင့်ကြံနေကြတဲ့ သမုတိသံဃာ၊ ဒီဘုရား၊ တရား၊သံဃာလို့ဆိုအပ်တဲ့ ရတနာမြတ်သုံးပါးပါပဲ။

ဒီလို ကိုးကွယ်ဆည်းကပ်ထိုက်တဲ့ အမြတ်ဆုံးရတနာ သုံးပါးဆိုတာ အခြားဘယ်မှာရှာဖွေလို့ ရနိုင်ပါတော့မလဲ။

အရှင်ဒေဝဒတ်(သို့)ပစ္စေကဗုဒ္ဓအလောင်းတော်

အရှင်ဒေ၀ဒတ် (သို့)ပစ္စေကဗုဒ္ဓါအလောင်းတော်
********************************
လူတို့၏ မတူကွဲပြားခြားနားခြင်းတွင် အသွင်သဏ္ဍာန်ပိုင်းအရ ခြားနားခြင်းနှင့် အနှစ်သာရပိုင်းအရ ခြားနားခြင်း ဟူ၍ နှစ်မျိုးရှိသည်။ အသွင်သဏ္ဍာန်ပိုင်းအရ ခြားနားခြင်းဟူသည်မှာ လူမျိုး၊ ဘာသာ၊ အသားအရောင်၊ ငွေကြေး၊ ရာထူးဂုဏ်သိန်၊ အခြံအရံ၊ သြဇာအာဏာ စသည်တို့အရ ခြားနားခြင်းမျိုးဖြစ်သည်။

အနှစ်သာရပိုင်းအရ ခြားနားခြင်းမှာမူ စိတ်နေစိတ်ထားနှင့် ကိုယ်ကျင့်တရားအရာတွင် ခြားနားခြင်း ဖြစ်သည်။
ကိုယ်ကျင့်တရားကို အနှစ်သာရပိုင်းဟူ၍ ဆိုရသော်လည်းမိမိ၏မကောင်းသော ကိုယ်ကျင့်တရား ကို ကောင်း  သယောင်ဟန်ဆောင် ဖုံးကွယ်တတ်သော၊ မိမိ၏ မရှိသောဂုဏ်သိက္ခာကို အရှိလုပ်တတ်သော ပုဂ္ဂိုလ် မျိုးလည်း ရှိ ပါသည်။

ထိုပုဂ္ဂိုလ်တွင် ကိုယ်ကျင့်သိက္ခာနှင့်ပတ်သက်၍ လေးစားချီးကျူးအပ်ဖွယ်တစ်စုံတစ်ရာသည် မရှိသော်လည်း ထိုသူနှင့် စရိုက်၊ ညဉ်တူသော ပတ်ဝန်းကျင်တွင်မူ ထိုသူတို့ဆောင်ရွက်ချက်အားလုံးကို "မှန်သည်" ဟူ၍ထင်မြင်တတ်သည်။

ဤအဖြစ်မျိုးကို "ပါရိဘာသိကသစ္စာ" ဟူ၍ ခေါ်ဆိုရ၏။သူ့အရပ်သူ့ဇာတ်"လက်ဝါးချင်းကို က်"သော၊ သူ့လူနှင့် သူ"ဟုတ်"သောတရားမျိုး ဟု အနက်အဓိပ္ပါယ် ရနိုင်ကောင်းပါသ ည်။ ဤသည်မှာ ရှင်ဒေ၀ဒတ်ကို ၀ဇ္ဇီတိုင်းသား များက မှန်သည်ဟူ၍ ထင်မြင်တတ်သည့် အတိုင်းပင်ဖြစ်ပါ၏။

ရှင်ဒေ၀ဒတ်ကဤသို့ထုတ်ပြန်ကြေညာဖူးသည်။
(၁)ရဟန်းအားလုံး တောကျောင်း၌သာနေကြရန်။
(၂)ရဟန်းအားလုံး ပင့်ဆွမ်းကို လက်မခံဘဲ ဆွမ်းခံ၍သာဘုဉ်းပေးရန်။
(၃)ပံသကူသင်္ကန်းကိုသာသုံးကြရန်။
(၄)သစ်ပင်ရင်း၌သာသီတင်းသုံးကြရန်။
(၅)သတ်သတ်လွတ်သာဘုဉ်းပေးကြရန်။

ဤထုတ်ပြန်ချက်များသည်ကား အသွင်သဏ္ဍာန်အရ ကြည့်လျှင် ကြည်ညိုဖွယ်ရာရှိသော်လည်း အနှစ်သာရပိုင်း အရကြည့်လျှင်မူ တန်ဘိုးမဲ့လေ၏။ အဘယ့်ကြောင့်တန်ဘိုးမဲ့ရသနည်းဟူမူ ထုတ်ပြန်ကြေညာသူ၏ ကိုယ်ကျင့် တရား မကောင်းမွန်မှုကြောင့် တန်ဘိုးမဲ့ရလေသည်။ ဤကြေညာချက်သည်ကားမရိုးမသားကြံစည်မှု သက်သက် သာဖြစ်သည်။ မှန်၏။

ရှင်ဒေ၀ဒတ်၏ နောက်ခံသမိုင်းကို သိကြသူများက ရှင်ဒေ၀ဒတ်၏ နောက်ကွယ်ကအကြံအစည်ကို ထွင်းဖောက် ၍ မြင်ကြသည်။ မြင်ကြသဖြင့် ကရုဏာသက်ကြသည်။ပုထုဇဉ်ပညာရှိများကမူ သရော်ပြုံးပြုံးကြသည်။ ရှင်ဒေ၀ဒတ်၏ အကြောင်းကိုလည်း မိမိတို့နီးစပ်ရာပုဂ္ဂိုလ်များအား ဤသို့ အကျဉ်းချုပ်ပြောပြကြ ကုန်သည်။

ရှင်ဒေ၀ဒတ်သည်မြတ်စွာဘုရားကို အနားယူရန်လျှောက်ကြားပြီး သူ့ကို ဘုရား ရာထူးလွှဲအပ်ပေးရ န် တောင်းဆိုခဲ့ဖူးသည်။ ဤတောင်းဆိုချက်ကို ကြည့်လျှင်ရှင်ဒေ၀ဒတ်သည် ပုထုဇဉ် စစ်စစ်ကြီးဖြစ်မှန်း သိသာ ၏။ စင်စစ် သဗ္ဗညုတဥာဏ်သည်ပေးအပ်၍ရသော တရားမဟုတ်။ ပါရမီဖြည့် မှရသောတရားဖြစ်၏။ အရိယာပုဂ္ဂိုလ်သာဖြစ်လျှင် ဤကဲ့သို့ မအပ်သော အတွေးအကြုံ များကို တွေးမိမည် မဟုတ်။ မဂ်ဥာဏ် ရအောင်အားထုတ်ရသကဲ့သို သဗ္ဗညုတဥာဏ်ရရှိအောင် အားထုတ်ရမည်ဟူ၍သာ နားလည်နိုင်မည် ဖြစ်သည်။

ရှင်ဒေ၀ဒတ်သည် မြတ်စွာဘုရား၏ သဗ္ဗညုတဥာဏ်တော်ကို မယုံကြည်သူ၊ နားမလည်သူ လည်းဖြစ် ကောင်း ဖြစ်နိုင်ပါသည်။ သူ၏ ဈာန်အဘိဥာဉ်များကို မြတ်စွာဘုရားရှင်၏ သဗ္ဗညုတဥာဏ်နှ င့် နှိုင်း ယှဉ်ခဲ့သူ ဖြစ်ကောင်းဖြစ်မ ည်။ အတိုင်းအရှည်ကို မသိခြင်းကားမိုက်မဲသူတို့၏ ဗီဇ ဖြစ်ပါသည်။

ရှင်ဒေ၀ဒတ်သည်ဈာန်အဘိဥာဉ်များရခဲ့ဖူးသည် မှန်၏။ သို့ရာတွင် ထိုဈာန်အဘိဥာဉ် များသည် မြတ်စွာဘုရားကို သတ်၍ ဘုရားရာထူးကို ယူမည်ဟူသောစိတ်ရိုင်းအကြံအစည် ၀င်သည်မှစ၍ ပျောက်ကွယ်ခဲ့ပါသည်။ ကိလေသာဆင်ရိုင်းများကို ဈာန်တရားက ခေတ္တမျှ ချွန်းအုပ်ထားနိုင်သဖြင့် ပညာမရှိသောပုဂ္ဂိုလ်သည် မိမိသန္တန်တွင် အလုံးစုံသော ကိလေသာကင်းပြီဟု ထင်တတ်သည်။ အကြောင်းတိုက်ဆိုင်၍ ကိလေသာများ ပြန်လည်ပေါ်ပေါက်ထကြွလာမှ မိမိ၏အခြေအနေကို အမှန်အတိုင်း သိတတ်သည် ။နောက်မကျခင် သိရှိရမှကောင်းပါသည်။နောက်ကျခြင်းသည် အ၀ီစိငရဲတွင်ကမ္ဘာပေါင်းများစွာ ခံနေရစေရန် အတွက် လုံလောက်သော "အမှားလုပ်ချိန်"ကို ဖြည့်ဆည်းပေးတတ်ပါသည်။

ရှင်ဒေ၀ဒတ်သည်ဘုရားရာထူးကို ရယူရန်အတွက် မြတ်စွာဘုရားကို သတ်ရန်ကြံစည်အားထုတ်သည်။ ဤကြံစည်အားထုတ်မှုသည်ပင်လျှင်ရှင်ဒေ၀ဒတ်၏ ယုတ်မာမှုကို ဖော်ပြနေခြင်းဖြစ်၏။ရှင်ဒေ၀ဒတ်သည် ဥာဏ်ကြီးသူဖြစ်သည်။ ဈာန်အဘိဥာဉ်ရှင်ဖြစ်သည်။ အမျိုးဇာတ်ကောင်းသူ ဖြစ်၏။ အခြံအရံပေါသူ ဖြစ် သည်။သြဇာရှိသူဖြစ်သည်။သို့ရာတွင် ဤအရာများသည်ကား အသွင်သဏ္ဍာန်များတ ည်း။ တကယ့်အနှစ်သာရ အပိုင်းမဟုတ်။ တကယ့်အနှစ်သာရပိုင်းသည်အခြံအရံ၊ ဗဟုသုတ ဥာဏ်ပညာနှင့် ကြောင်းကျိုး ညီညွတ်သည်ဟု ထင်ရသော ဟန်ဆောင်ပန်ဆောင်စကားလုံးများမဟုတ်။ သီလဟုခေါ်ရသောကိုယ်ကျင့်တရား သာ လျှင် ဖြစ်သည်။

ဤကြံစည်မှုကို ကြံစည်သည်ဟု ကြားသိရသည်နှင့် ပင် ရှင်ဒေ၀ဒတ်သည်အနှစ်ကင်းမဲ့သူ ဖြစ်ကြောင်း ပညာရှိများကသိကြသည်။ အမြစ်အခြေမရှိတော့သောအကိုင်းအဖျားသက်သက်နှင့် ကိုယ်သာဖြစ်ကြောင်း သိကြသည်။ ပညာရှိများအတွက် ကိုယ်ကျင့်တရားမရှိတော့သော ရှင်ဒေ၀ဒတ်သည်ကြည်ညိုဖွယ်ရာလျဉ်းမ ရှိတော့ပေ။

ရှင်ဒေ၀ဒတ်၏ ဘုရားရာထူးလွှဲအပ်ရန် တောင်းဆိုသံကို မြတ်စွာဘုရားကသုံးကြိမ်တိုင်တိုင် တားမြစ်သည်။ တားမြစ်၍ မရသဖြင့် မြတ်စွာဘုရားက "ဒေ၀ဒတ်...ငါသည် ရှင်သာရိပုတ္တရာနှင့် ရှင်မောဂ္ဂလ္လန် တို့ကိုသော်မှ သံဃာအား လွှဲအပ်မည်မဟုတ်။ တံတွေးနှင့်တူသောပစ္စည်းများကို သုံးစွဲနေသူ သင့်အား အဘယ်ကြောင့် လွှဲအပ်ရမည်နည်း"ဟု သံဝေဂရဖွယ်မိန့်ကြားသည်။

မှန်၏။ မိမိနှင့်မထိုက် တန်သောပစ္စည်းများကို ကိုယ်ကျင့်တရားအားအပွန်းပဲ့ခံ၍သုံးစွဲနေခြင်းကား တံတွေးနှင့် တူသောပစ္စည်းများကို သုံးစွဲနေခြင်းေ ပတည်း။တနည်းအားဖြင့် ကိုယ်ကျင့်တရားက အပွန်းပဲ့ခံ၍ ရလာသော ပစ္စည်းများသည်ကား တံတွေးမစင်ကဲ့သို့ရွံရှာစက်ဆုပ်ဖွယ်ရာဖြစ်ပေသည်။

ရှင်ဒေ၀ဒတ်ကား သံဝေဂရလောက်အောင်ပညာမရှိ။ တလွဲမာနသာရှိသည်။တလွဲမာနကြောင့် ဆုံးမခံရခြင်းကို ၀မ်းမသာတတ်။ ၀မ်းမသာတတ်သဖြင့်ပရိတ်သတ်အလယ်မှ ထွက်သွားသည်။မြတ်စွာဘုရားက ရှင်ဒေ၀ဒတ်နှင့် ပတ်သက်၍"ပကာသနိယကံ" ကို ပြုစေ၏။ ပကာသနိယကံ၏ သဘောကားရှင်ဒေ၀ဒတ်ကို သာသနာမှ ကြဉ် လိုက်ခြင်းဖြစ်ပါသည်။

ရှင်ဒေ၀ဒတ်သည်သာသနာနှင့် မပတ်သက်ဟူ၍ သဘောရသည်။ထို့ကြောင့်ရှင်ဒေ၀ဒတ်အနေနှင့် အားကိုးရာ သည် မရှိတော့ပေ။ အခြံအရံကို အငတ်မွတ်ဆုံးသူဖြစ်ပါမှအခြံအရံ ပရိသတ်သည်လည်းမရှိတော့ပေ။ လာဘ်လာဘကို အမြတ်နိုးဆုံးသူဖြစ်နေပါမှ လာဘ်လာဘသည်လည်း မရှိတော့ပေ။

ရှင်ဒေ၀ဒတ်သည်မာယာ၊သာဋ္ဌေယျ အတတ်၌ အလွန်ကျွမ်းကျင်ဟန်တူ၏။ကောက်ကျစ်သော အရာတွင်လည်း ထိုခေတ်က အတော်ဆုံးဖြစ်ဟန်တူ၏။ပရိသတ်စုဆောင်းရ န်အတွက်စဉ်းစားပုံကို ကြည့်ပါ။လူတို့သည် ရုပ်ကို အကြောင်း ပြု၍ ကြည်ညိုသူသုံးပုံနှစ်ပုံရှိ၏။ကျော်စောသံကို အကြောင်းပြု၍ကြည်ညိုသူက ငါးပုံလေးပုံရှိ ၏။ ခေါင်းပါးသောအကျင့်ကို ကြည်ညိုသူကဆယ်ပုံတွင် ကိုးပုံရှိ၏။ ထို့ကြောင့်ခေါင်းပါးသော အကျင့်ကို အကြောင်းပြု၍ဆွဲဆောင်စည်းရုံးရလျှင် ငါ့နောက်လိုက်များဖြစ်လာကြမည်ဟူ၍ စဉ်းစားသည် ဆို၏။ ထို့ကြောင့် ခေါင်းပါးသောအကျင့်နှင့် ပတ်သက်သော အထက်ကဖော်ပြခဲ့သည့် ကြေညာချက်ကို ထုတ်ပြန်ခဲ့ပါတော့၏။

အနှစ်သာရပိုင်းကို သိသူများကမူ ပြုံး၍ကရုဏာသက်ြ ကသည်။ ပုထုဇဉ်အချို့ကမူတွေဝေကုန်ကြသည်။ ဟုတ်နိုး ဟုတ်နိုးထင်ကြသည်။ ပုထုဇဉ်တို့သည် လေယူရာတိမ်းသောဝါးပင်များနှင့် တူသည်။ မိမိကိုယ်တိုင် သိသော တရားဟူ၍ဘာတစ်ခုမျှ မယ်မယ်ရရ မရှိသေးသဖြင့်သူတစ်ပါးက မုန်းစရာပြောလျှင် မုန်း၍၊ ချစ်အောင်ပြောလျှင် ချစ်ကြသည်။ယုံအောင်ပြောလျှင် ယုံကြည်ကြ၍ မြှောက်ပြောလျှင်ကျေနပ်ကြသည်။ အကျင့်ကောင်းလျက် အပြောမတတ်သူကို မကြည်ညိုတတ်ဘဲ အပြောကောင်းလျက် အကျင့်မတတ်သောပုဂ္ဂိုလ်များနောက်သာ တကောက်ကောက် လိုက်သွားချင်တတ်သည်။

အပြောကောင်းသောပုဂ္ဂိုလ်များက အလုပ်လည်းမှန်သယောင် ဟန်ဆောင် လိမ်ညာသည်လည်း ရှိတတ်ပါသည်။ အန္ဓပုထုဇဉ်များအတွက် ထိုအလိမ်အညာများကို ရှောင်ရှားရန်မှာမလွယ်ကူပါ။အရိယာပုဂ္ဂိုလ်များနှင့် ၀ိပဿနာပညာဥာဏ် အားကောင်းသော ပုဂ္ဂိုလ်များကမူ ကိုယ်တိုင်သိသောပညာ၏ အစွမ်းကြောင့်အ လိမ်အညာကို အလိမ်အညာဟူ၍ သိကြပေသည်။သိကြသည့်အလျောက် ရှင်ဒေ၀ဒတ် ၏ အလိမ်အညာ တရားများကို ထုတ်ဖော် ပြောသင့်သည့်အလျောက် ရှင်းလင်း ပြောကြားရပေသည်။ ထိုသို့ ရှင်းပြထားကြသဖြင့် ပရိသတ်အများစုကရှင်ဒေ၀ဒတ်၏ စကားကို မယုံကြည်ကြ။ရှင်ဒေ၀ဒတ်၏ နောက်လိုက်လည်း မဖြစ်ကြ။ ရှင်ဒေ၀ဒတ်မှားသလိုလည်းအများစုက မမှားကြ။

သို့ရာတွင် ၀ဇ္ဇီတိုင်းသားရဟ န်းများကမူ ရှင်ဒေ၀ဒတ်၏ တရားအဆန်းကို ယုံကြည်မိကြသည်။ ရှင်ဒေ၀ဒတ်ကို သစ္စာရှင်ဟု ထင်မှတ်မိခဲ့ကြသ ည်။ အတိတ်သမိုင်းနှင့်ကိုယ်ကျင့်တရားက ထည့်သွင်းစဉ်းစားခြင်း မပြုတော့ဘဲ ရှင်ဒေ၀ဒတ်၏တရား များကို သစ္စာတရားများ အဖြစ်လက်ခံမိခဲ့တော့၏။ဤ သစ္စာတရားမျိုးသည်ကား အထက်တွင်ဖော်ပြခဲ့သောစရိုက်တူညဉ်တူချင်း ချီးမွမ်းသော အယောင်ဆောင် သစ္စာ တရားသာ ဖြစ်လေသည်။

အဓမ္မသည် ဓမ္မကို ရေရှည်၌အံမတုနိုင်။ သစ္စာတရားကို အမှန်တကယ်ရှာဖွေနေသူကို အ၀ိဇ္ဇာတရားသည် ကြာရှည် ဖုံးပိတ်ထားလို့မရ။ ပါရမီပြည့်စုံသောအခါ ဖွင့်လှစ်ပြရသည် သာဖြစ်သည်။ ၀ဇ္ဇီတိုင်းသား ရဟန်းတို့သည်ရှင်ဒေ၀ဒတ် အနားယူနေခိုက်ရှင်သာရိပုတ္တရာနှင့် ရှင်မောဂ္ဂလ္လန်တို့၏ တရားများကို နာယူကြရ သည်။ တရားကိုနာယူသဖြင့်သောတာပန်တည်ကြသည်။ သောတာပန်၏ ဂုဏ်သတ္တိတစ်ခုတွ င် ရတနာသုံးပါးကို မမှိတ်မသုံယုံကြည်ခြင်းဟူ၍ပါဝင်သည်။ သောတာပန်သည် အသိနှင့်ပတ်သက်၍၊ အကျင့်နှင့်ပတ်သ က်၍ ယုံမှားသံသယမရှိတော့။ အသိအကျင့်အရာမှာ ဘယ်သူမှားသနည်း ဘယ်သူမှန်သနည်း ဟူ၍ငြင်းခုန်စရာ မလိုတော့။

ကိုယ်ပိုင်ဥာဏ်ဖြင့်အမှန်တရားကို သိခဲ့သော ၀ဇ္ဇီတိုင်းသားရဟန်းများအတွက် မသိခင်က ကြည်ညိုခဲ့သော ရှင်ဒေ၀ဒတ်သည် ကြည်ညိုဖွယ်မရှိ တော့။ မသိခင်က အထင်ကြီးခဲ့သော ခေါင်းပါးသောအကျင့် ကြေညာချက် သည် အထင်ကြီးဖွယ်မရှိတော့။ ရှင်ဒေ၀ဒတ်၏ ကျော်စောမှု၊ ဥာဏ်ကြီးမှုနှင့် အမျိုးမြတ်မှုတို့ သည် အခွံ၊ အကာသာလျှင်ဖြစ်ကြောင်း သိမြင်ကြသည်။ အနှစ်သာရသည်ကားသောတာပန်စသော အရိယာပုဂ္ဂိုလ် တို့ပိုင် ဆိုင်သော သီလဂုဏ်သာလျှင် ဖြစ်ကြောင်း သိမြင်ကြသည်။

ဤသို့အမှန်အတိုင်းသိကြသဖြင့်ဝဇ္ဇီတိုင်းသားရဟန်းများသည် မြတ်စွာဘုရားထံ ပြန်ကြွသွားကြသည်။ရှင်ဒေ၀ဒတ်၏ နိဂုံးကား သွေးပွက်ပွက်အံခြင်းနှင့်အ၀ီစိငရဲဖြစ်လေ၏။ ရှင်ဒေ၀ဒတ်နှင့် ပတ်သက်၍မြတ်စွာဘုရားက ဤသို့ဟောကြားတော်မူသည်။ "မကောင်းမှုကိုပြုသူအတွက် ယခုဘ၀တွင်လည်း ပူပန်ရသည်။ တမလွန် ဘ၀တွင်လည်းပူပန်ရ၏။ မကောင်းမှုကို ပြုမိသည်ဟုသိသည်နှင့် ပူပန်ရ၏။ တမလွန်ဘ၀တွင်ကား ထို့ထက် ပို၍ပူပန်ရ၏။"

ဤဒေသနာ၏အဆုံးတွင်သောတာပန်ဖြစ်သူများ ဖြစ်ကြ၍ကံကံ၏အကျိုးကို ယုံကြည်ကြသူများက ယုံကြည်ကြလေသည်။ ရှင်ဒေ၀ဒတ်သည်ကား အ၀ီစိငရဲမကျခင် သူ၏အမှားကို သိမြင်ခဲ့ဖော်ရေ သးသည်။ သရဏဂုံတည်ရုံမက အလွန်လေးမြတ်စွာ ရှိခိုးခဲ့သေးသည်။ဤကားကုသိုလ်တည်း။ ကုသိုလ်သည် ကုသိုလ်၏အကျိုးကိုသာ ပေးမြဲဖြစ်သဖြင့် ရှင်ဒေ၀ဒတ်သည် ပစ္စေကဗုဒ္ဓါအဖြစ် ဖြင့်ကမ္ဘာတစ်သိန်းအထက်တွင် ကျွတ်တမ်းဝင်ရမည်ဖြစ်သည်။ကျွန်ုပ်တို့သည် သူတစ်ပါး၏ အကုသိုလ်အမှုကံနှင့် အကုသိုလ်အကျိုးပေးများကို ကြည့်၍သံဝေဂယူ ထိတ်လန့်ရသလို ကုသိုလ်အမှုကံအတွက် သာဓုခေါ်ဆို ၀မ်းမြောက်ရမည် ဖြစ်ပါသည်။

အသွင်သဏ္ဍာန်နှင့် အနှစ်သာရကို ခွဲခြား၍မသိကြလျှင် ရုပ်ဝတ္ထုပစ္စည်းများသည် အထင်ကြီး ဖွယ်ရာဖြစ် သည်။ထိုပစ္စည်းများကိုပိုင်ဆိုင်နေကြေ သာ ပုဂ္ဂိုလ်များသည်လည်း အထင်ကြီး ဖွယ် ရာ ဖြစ်လေသည်။ ကိုယ်ကျင့်တရားတည်းဟူသောစံနှုန်းနှင့်တိုင်းတာမှသာကြည်ညိုဖွယ်ရာပုဂ္ဂိုလ်အစစ်အမှန်ကို သိမြင်ရာသည်။ တန်ဘိုးထားအပ်သော စကားအစစ်အမှန်၊ တရားအစစ်အမှန်ကို သိမြင်ရာသည်။

ဆင်းရဲဒုက္ခ၏ အကြောင်းကား စင်စစ် အကုသိုလ်ကံပင် ဖြစ်ပါသည်။ အကုသိုလ်ကံ အမှုကို ပြု၍ယခုဘ၀နှင့် တမလွန်ဘ၀တွင်ဆင်းရဲပူပန်မှုကု ကြုံရသည်ကို ရှင်ဒေ၀ဒတ်က သာဓကပြသွားခဲ့ခြင်း ဖြစ်ပေသည်။ကျွန်ုပ်တို့၏ ဘ၀ရည်မှန်းချက်များစွာအနက် ဖြစ်သင့်သောရည်မှန်းချက်တစ် ချက် သည်ကားအကုသိုလ်အမှုများကို တတ်နိုင် သမျှ ရှောင်၍ကုသိုလ်အမှုများကိုကား"နည်းနည်းအမည်ခံ များများလုပ်ကြရန်"သာဖြစ်ပါတော့သည်။